Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ်၌ သမဝါယမအသင်းစုအမှုဆောင်အသစ်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပ


02 Oct,2026

ဝမ်းတွင်း  အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သမဝါယမအသင်းနှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်ဝင်းဖေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်အမှုဆောင်တို့က သမဝါယမအသင်းစုအလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မြို့နယ်အတွင်း အခြေခံသမဝါယမ အသင်းများ စနစ်ကျသောသမဝါယမအသင်းများဖြစ်စေရေးဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ၊ ပြင်ဆင်သတ်မှတ်မည့် အသင်းစည်းကမ်း များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများအား တင်သွင်းခြင်း အတည်ပြု ခြင်းများနှင့် သမဝါယမအသင်းစု၏အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်