Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ်၌ ကျေးလက်လမ်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး


02 Oct,2026

ဒိုက်ဦး စက်တင်ဘာ ၃၀

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်လျက်ရှိသော အေးသုခရွာအဝင်လမ်း ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်း (၀/၁.၄၂)မိုင်နှင့် ဖအောင်ဝဲ-သုံးခွ လမ်းပေါ်ရှိ ကွန်ကရစ်တံတားပေ ၈၀ (ပထမပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်ဂျင်နီယာချုပ်က ကွန်ကရစ်တံတား ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်