Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ စတုတ္ထအကြိမ်မြောက်ထုတ်ချေး


02 Oct,2026

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ စတုတ္ထအကြိမ်မြောက်ထုတ်ချေး

‎************************************************************************

‎ဘုတ်ပြင်း ၊ အောက်တိုဘာ ၂

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်-၁ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၁ ရက်နေ့က အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ် သည်။

‎‎အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ကြပြီး မိသားစု ဝင်ငွေ တိုးပွားရေးကို စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း၊ စီမံကိန်းရန်ပုံငွေများကို စနစ်တကျ လည်ပတ်အသုံးပြု၍ အတိုးရငွေများတိုးပွားလာပါက ကျေးရွာ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေးငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်းများ၊ အရင်း အတိုး ပေးဆပ်ရန် ကာလသတ်မှတ်ချက် များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၃၉ ဒသမ ၃ သန်းကို အေးချမ်းမြိုင်-၁ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည်။

‎‎ထို့နောက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အေးချမ်းမြိုင်-၁ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်သည့် အသင်းသား စုစုပေါင်း ၂၇ ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၉ ဒသမ ၃ သန်းအား တစ်ဦးချင်းလက်ဝယ်အရောက် နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်