Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် ခလပ်ကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး


12 Nov,2026

သနပ်ပင်မြို့နယ် ခလပ်ကျေးရွာ၌  (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး


သနပ်ပင်၊နိုဝင်ဘာ ၁၂


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခလပ်ကျေးရွာအုပ်စု၊‌ခလပ်ကျေးရွာ ၌ ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း(VRFP) အဌမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေပါအကြောင်းအရာများ၊ချေးငွေဖြင့်အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက်အထောက် အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့်ဝန်ထမ်းများကခလပ်ကျေးရွာ (VRFP)စီမံကိန်းရန်ပုံ ငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်၅၆၉သိန်းအား လွှဲပြောင်းပေး အပ်ခဲ့သည်။

ထို့နောက် ခလပ်ကျေးရွာ (VRFP) စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၈ဦးကို ငွေကျပ် ၄၃၈သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို ငွေကျပ်၄၆သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူခြောက်ဦးကို ငွေကျပ် ၅၈သိန်း၊အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ သုံးဦးကိုငွေကျပ်၂၇သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၆၂ဦးကို(VRFP)ရန်ပုံငွေကျပ်၅၆၉သိန်းထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်