မှော်ဘီ နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးဇော်မိုးဦးသည် နိုဝင်ဘာ ၉ ရက်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မိုးကြိုးပစ်- လှည်းကူးစု- လယ်ပြင်စု လမ်းပေါ်ရှိ ပေ၈၀ တံတားတည်ဆောက်ခြင်းနှင့် ကျွန်းချောင်း(အရှေ့)- ကျွန်းချောင်း(အနောက်)လမ်း အရှည် ပေ ၁၆၀၀၊ အကျယ် ၁၂ပေအား Granular /Laterite Sub-grade ခင်းရန်၊ Granular Mixed Sub-base ခင်းရန်၊ ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မှီစေရေး၊အချိန်မီ ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်