Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ပြုပြင်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး


12 Jun,2023

စစ်တွေ ဇွန် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ပုဏ္ဏားကျွန်း မြို့နယ်၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ကာ ရုံးအဆောက်အဦအမိုး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လဲပြိုသွားသော ခြံစည်းရိုးများ ပြန်လည်ကာရံနိုင်ရေး ညှိနှိုင်းမှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဦးစီးဌာန (၃) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါးဧက (၁၀,၀၀၀) စိုက်ပျိုးရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေသားရေစုကန်များ တူးဖော်သန့်စင်ဆောင်ရွက် နေသည့် လုပ်ငန်းများ အမြန်ပြီးစီးရန်၊ ဝန်ထမ်းရေးရာကိစ္စနှင့်ပတ်သက်၍ ပါတီနိုင်ငံရေး ကင်းရှင်း ရန်၊ ဦးစီးဌာနများ စည်းလုံးညီညွတ်စွာဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်