Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


15 Jun,2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၏ ၃-၁၁-၂၀၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်စဉ် လမ်းညွှန်မှာကြားချက်အရ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံ ပြန်လည် လည်ပတ်နိုင် ရေးအတွက် နို့ချက်စက်ရုံအဆောက်အအုံပြင်ဆင်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဆောင်ရွက်ခဲ့ပြီး၊ စက်ရုံပြင်ဆင်ရန်အတွက် လိုအပ်သည့် စက်ကိရိယာများကို မှာယူဆောင်ရွက်ခဲ့ပါသည်။            

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်လုပ်ငန်းအနေဖြင့် တစ်နေ့လျှင် နွားနို့ပိဿာ (၁၇၀၀) ဖြင့် နို့ဆီဘူး (၃၅၀၀) ဘူး စတင်ထုတ်လုပ်မည်ဖြစ်ပြီး စွမ်းအားပြည့်ထုတ်လုပ်နိုင်သည့်အခါ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ ဒါရိုက်တာအဖွဲ့အနေ ဖြင့် ကုန်ကြမ်းရရှိရေး၊ ကုန်ချောရောင်းချနိုင်ရေးအတွက် အဆိုပြုသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ မေလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များတွင် စမ်းသပ်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်