Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချ


16 Jun,2022

“ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ” သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ လုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများ စုစည်း ဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍  တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယားမြေဩဇာ (၇၅,၀၀၀) တန်ခန့်ကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇွန်လ (၁၁)ရက်နေ့မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၁)ခုရှိ မြို့နယ် (၁၃၆) မြို့နယ်မှ အရောင်းဆိုင် (၂၉၁) ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေဖြန့်ဖြူး ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

          တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယားမြေဩဇာ များအား သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာအရောင်းဆိုင်များ၌ “ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ”မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိ နိုင်မည် ဖြစ်ပါသည်။

တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက်သတ်မှတ်ဖြန့်ဖြူးရောင်းချ သည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်းမရှိလျှင်သော် လည်းကောင်း၊ သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိခဲ့လျှင်သော်လည်းကောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၆၇ - ၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့်ဖြန့်ဖြူးရောင်းချရေးကော်မတီ များသို့လည်း ဆက်သွယ်နိုင်ကြောင်းသိရသည်။

ယူရီးယားမြေဩဇာများအတွက် ရည်ညွှန်းဈေးနှုန်းများ

၁၄-၆-၂၀၂၂                                                                                                                                                                                               50 Kg ပါ တစ်အိတ်ဈေးနှုန်းဖြစ်ပါသည်။

ကုန်

ပစ္စည်း

ရန်ကုန်
ဂိုဒေါင်ဈေး

ပဲခူး

မန္တလေး

မကွေး

မွန်

စစ်ကိုင်း

ရန်ကုန်

ရခိုင်

ပဲခူး

ပြည်

မကွေး

စလင်း/ ပွင့်ဖြူ

မော်လမြိုင်/ သထုံ

မုံရွာ

ရေဦး/ ရွှေဘို

သုံးခွ

ထန်းတပင်

စစ်တွေ

မောင်တော

ယူရီးယား မြေဩဇာ

၈၆၀၀၀

၈၇၈၀၀

၈၈၆၀၀

၈၈၆၀၀

၈၉၀၀၀

၈၉၁၀၀

၈၈၈၀၀

၈၉၅၀၀

၈၉၈၀၀

၈၈၀၀၀

၈၆၅၀၀

၉၂၆၀၀

၉၉၄၀၀

 

 

ကရင်

ဧရာဝတီ

ရှမ်း (အရှေ့)

ရှမ်း (မြောက်)

ရှမ်း (တောင်)

 

 

 

ဘားအံ

လှိုင်းဘွဲ့

ပုသိမ်

ဟင်္သာတ

ကျိုင်းတုံ

မိုင်းတုံ

လားရှိုး

ကျောက်မဲ

တောင်ကြီး

ကလော

မိုင်းပန်

 

 

 

၈၈၈၀၀

၈၉၃၀၀

၈၈၂၀၀

၈၈၁၀၀

၉၆၀၀၀

၁၀၀၈၀၀

၉၂၀၀၀

၉၀၁၀၀

၈၉၅၀၀

၈၈၈၀၀

၉၂၀၀၀

 

                             

(၁)     ရန်ကုန်ဂိုထောင်ဈေး + ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ် + ကုန်တင် /ချ ခ + အမြတ်ငွေတို့ပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။

(၂)      ယူရီးယားမြေဩဇာဝယ်ယူသုံးစွဲသူတောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ ဝယ်ယူရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေး တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည် -

           ၀၆၇ - ၄၁၀၀၃၅ ( သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)

           ၀၆၇ - ၄၁၀၀၄၀ ( သမဝါယမဦးစီးဌာန )

           ၀၆၇ - ၄၁၈၆၂၁  ( ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)

           တိုင်းဒေသကြီး / ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့လည်း တိုင်ကြားနိုင်ပါသည်။                                               

(၃)       သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိပါက မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီသို့ ချိတ်ဆက် သတင်းပို့ဝယ်ယူနိုင်ပါသည်။

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ


 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်