Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား အားပေးကြည့်ရှု


27 Jul,2022

နေပြည်တော် မတ် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းသားများ၊ တာဝန်ရှိသူများနှင့်အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား အားပေးကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေ (၂.၇) ဧကတွင် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းမှ ဆောင်ရွက်နေသည့် မိုးစပါးစမ်းသပ် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မျှော်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် မိမိတို့ကိုယ်တိုင်က လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားသည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းလီမိတက်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာအကူအညီရယူပြီး စံပြစိုက်ကွက်အနေဖြင့် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး Pilot Project အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အစေ့ချ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြိုးတန်း၍ ကောက်စိုက်ခြင်းစသည့် စိုက်နည်းစနစ် (၃) မျိုး အသုံးပြု၍ အထွက်နှုန်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို လက်တွေ့သိရှိအောင်ဆောင်ရွက်ပြီး တောင်သူများသို့ အသိပညာပြန့်ပွားရေး ကူညီနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းမှု ရှိစေရန် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သွင်းအားစုအနေဖြင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ထုတ်လုပ်သော သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများ အသုံးပြုစိုက်ပျိုးမည်ဖြစ်ကြောင်း၊ စိုက်ကွက်တွင် ရေပြတ်လပ်မှုမရှိစေရေး Solar စနစ်ဖြင့် ရေရရှိရန် ကြိုတင်စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  လုပ်ငန်းများ အောင်မြင်ရေး အတွက် တာဝန်ရှိသူအသီးသီးက ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း၏ လယ်မြေ (၂.၇) ဧကတွင် GW 11 မျိုးစပါးများအား ကြိုးတန်းစနစ်ဖြင့် ကောက်စိုက်ခြင်း၊ အစေ့ချ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းတို့ကို အားပေးကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိပြီး စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းတို့ ပူးပေါင်း၍ ဖရီးရှန်းနို့စားနွား (၂၂) ကောင် မွေးမြူထားမှု၊ တစ်နေ့လျှင် နွားနို့ပိဿာချိန် (၆၀) ပိဿာထွက်ရှိပြီး စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းသို့ ရောင်းချနေမှု၊ နွားစာအတွက် မြေ (၃) ဧကတွင် နေပီယာမြက်၊ မွန်ဘားစားမြက်နှင့် အဲဗားဂရင်းမြက် (၃) မျိုး စိုက်ပျိုးထားမှု၊ နေပြည်တော်သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သော ပြောင်းချဉ်ဖတ်အာဟာရများ ကျွေးမွေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍  ဝန်ထမ်းစားရိပ်သာဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ငါးမွေးကန် (၂) ကန် အတွင်း မွေးမြူထားသော ရွှေဝါငါးကြင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ တီလားဗီးယား ငါးများနှင့် ဘဲများ ဖြစ်ထွန်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အောင်မြင်အောင် စေတနာထား ဆောင်ရွက်ရန်နှင့် ရရှိလာသော အကျိုးအမြတ်များဖြင့် ဝန်ထမ်းများရဲ့ သက်သာချောင်ချိရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်တံရောင်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အရောင်းဆိုင်အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်