ဖျာပုံ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက အောက်တိုဘာ ၃၁ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဆင- ရှမ်းကွင်းကြီးလမ်းကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဖျာပုံ-အပြောင်- ကျီးနှစ်ပင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူက လိုအပ်သည်များကို လုပ်ငန်းအပေါ် တာဝန်ယူဆောင်ရွက်နေသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်