Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


01 Jul,2025

နေပြည်‌တော် ဇူလိုင် ၁

          မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရဌာနဆိုင်ရာများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်း များသာမက ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု စုပေါင်းအားကိုရယူ၍ ပိုမိုကောင်းမွန် သော နိုင်ငံတော်သစ် တည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက်နှင့်အညီ “တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ အဆိုပါလုပ်ငန်းကော်မတီ အတွင်းရေးမှူး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယနေ့နံနက် ပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ရွာသူရွာသားများနှင့် တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ညောင်ပင်သာကျေးရွာနှင့် မန်ကျည်းပင်ကျေးရွာတို့၌ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း သဘာဝဘေး သင့်ခဲ့မှုအခြေအနေ၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဘုရားစေတီအချို့နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေ၊ ညောင်ပင်သာကျေးရွာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များက နေအိမ် (၂၃) လုံး ပြန်လည်တည်ဆောက်ပေးထားမှု၊ နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် ဆိတ်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မန်ကျည်းပင်ကျေးရွာအုပ်စု၊ မန်ကျည်းပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို ဦးတည်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ဆောင်ရွက်ပေးမည့် အစီအစဉ်၊ လုပ်ငန်း ကော်မတီ၏ ရည်ရွယ်ချက်နှင့်အညီ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ် လာစေရေး၊ ယခင်အခြေအနေနှင့်မတူသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့က အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မန်ကျည်းပင်နှင့် ညောင်ပင် သာကျေးရွာတို့၌ သဘာဝဘေးများ ကျရောက်ချိန်တွင် နေပြည်တော်ကောင်စီက ကယ်ဆယ်ကူညီ စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ ဆိတ်မွေးမြူရေး လုပ်ငန်း ထူထောင်ပေးထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေတ်မီစံပြ ကျေးရွာ Smart Village စီမံကိန်း လုပ်ငန်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာသူရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ရာဂီမုန်တိုင်း ကျရောက်ခဲ့စဉ်က နေအိမ်များ မျောပါသွားသည့် ညောင်ပင်သာကျေးရွာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်းများက  ဆောက်လုပ်ပေးထားသည့် နေအိမ် (၂၃) လုံးကို လည်းကောင်း၊ နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် ထူထောင်ပေးထားသော ဆိတ်မွေးမြူရေး လုပ်ငန်းကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် ကောင်စီဝင်တို့သည် တပ်ကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေတို့ကို ဆပ်ကပ်လှူဒါန်းခဲ့သည်။

          ဆက်လက်၍ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သော ထန်းတောကြီးကျေးရွာအုပ်စု၊ တံခွန် တိုင်ကျေးရွာနှင့်် ဂွေးပင်စံပြကျေးရွာတို့မှ ဝါစိုက်သမဝါယမအသင်းသားတောင်သူများအား ဝါမျိုးစေ့ နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း ဝါစိုက်သမဝါယမအသင်းများ၏ စိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 ယင်းနောက် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က မိုးစပါး၊ နွေစပါး၊ ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးလုပ်ငန်းအားလုံး ပန်းတိုင်အထွက် နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် တာဝန်ရှိသူ များက ပြန်လည်ညှိနှိုင်းဖြေကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းတို့မှ အသင်းသားတောင်သူ (၅၅) ဦး၏ ဝါစိုက်ဧက (၁၅၇) ဧကအတွက် RAKA-666 ဝါမျိုး များနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်