Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှာကြား


01 Jul,2025

နေပြည်တော် ဇွန် ၂၆

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြော ကြားရာတွင် ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် (၃) လအတွက် မြေဩဇာတန်ချိန် ၆၇၆၀၅၅.၀၆ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၁၀၂၄.၁၀ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ရရှိနိုင်ရေး ထောက်ခံပေးထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကလည်း အလားတူ ထောက်ခံပေးလျက် ရှိပါကြောင်း၊ ယခုဘဏ္ဍာနှစ် တင်သွင်းရန် ကျန်ရှိ သော မြေဩဇာနှင့် ပိုးသတ်ဆေး တန်ချိန်များကိုလည်း ဆက်လက် စိစစ်ထောက်ခံပေးသွားမည်  ဖြစ်ကြောင်း၊ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင် ရရှိပြီးသော ကုမ္ပဏီများ အမြန်တင်သွင်းရန် လိုအပ်ပါကြောင်း၊

          ကုမ္ပဏီများအနေဖြင့် ယခင်ဘဏ္ဍာနှစ်တွင် တင်သွင်းရန် ကျန်ရှိမှုများ ဖြစ်ပေါ်ခဲ့၍ ယခုနှစ် တွင် အမြန်တင်သွင်းနိုင်းရေး တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများအား အရေးယူနိုင်ရေး ယခုအစည်းအဝေး တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ပေးမှုအနေဖြင့် ၃၀-၆-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကာလ ပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာမှာဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်၍ ယခုအစည်းအဝေးမှာ မြေဩဇာအသင်းက တင်ပြသော ရည်ညွှန်းဈေးနှုန်းများ အပေါ် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊

          ဦးဆောင်ကော်မတီအနေနှင့် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးတိုင်းမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်း ဈေးနှုန်းကိုအခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/ မမှန်၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ထည့်သွင်းညှိနှိုင်းခဲ့မှုအပေါ် ပြန်လည်တင်ပြချက်များအရ ဈေးနှုန်း များမှာ သင့်တော်မှုရှိသည်ဟုစိစစ်တွေ့ရှိရပြီး ဆက်လက်ကြီးကြပ်စစ်ဆေးပေးရန်လိုအပ်ပါကြောင်း၊

          မြေဩဇာအသင်းအနေနဲ့လည်း အသင်းဝင်ကုမ္ပဏီများအား အသင်းမှချမှတ်ထားသော “မူ” များ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာသည့် ကုမ္ပဏီ များကို ကြပ်မတ်ဆောင်ရွက်ရန်၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် ဆိုင်ရာ ဌာနများကို ညှိနှိုင်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် အသင်းဝင်ကုမ္ပဏီများထံမှ လစဉ် စာရင်းများ မှန်မှန်ကန်ကန်ရရှိအောင် တောင်းခံပေးရန်ကိုလည်း မှာကြားလိုကြောင်း၊

          သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့ အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ် ဆောင်ရွက်ပေးရန် ပြောကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများ၊ ၂၀၂၅ ခုနှစ် မေလနှင့် ဇွန်လတွင် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုင်ငံတကာဈေးနှုန်းများ၊ ဝယ်ယူဖြန့်ဖြူးရောင်းချအသုံးပြုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာန များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်