အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး ရေး စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး ဆောင်ရွက်မည့် လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီး များအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များ တွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း စသည့်လုပ်ငန်း (၇)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းကျေးရွာများရှိ ပြည်သူ (၁၆၆၃)ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့ပါသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ မြို့ပြအပါအဝင် ကျေးရွာ (၂၁၄)ရွာတွင် လုပ်ငန်း (၂၁၄) ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားခဲ့ပြီး အဆိုပါ ကျေးရွာများတွင် ကျေးရွာ၏ဒေသထွက် ကုန်ကြမ်းအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းသင်တန်း များ ပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူ (၅)ဦးအား ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလတွင် အတည်ပြုပြီး ကျေးရွာ (၁၀၅)ရွာတွင် လုပ်ငန်း(၆၇)ခု ဆောင်ရွက်လျက်ရှိ ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်