Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

27 Aug,2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

 

၁။ ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)နှစ် ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။

၃။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၄။ လျှေက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

     (က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း

     (ခ) အမှတ်စာရင်းမူရင်း

     (ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ

     (ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။

၆။ လျှောက်လွှာနှင့်ဝင်ခွင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် ၂၈.၈.၂၀၂၆ ရက် (သောကြာနေ့) မှ ၂၃.၁၀.၂၀၂၆ ရက် (သောကြာနေ့)ထိ ရုံးချိန်အတွင်း လာရောက်ထုတ်ယူ လျှောက်ထားနိုင်ပါသည်။

၇။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၈။ အသေးစိတ်အချက်အလက်များကို ဝန်ကြီးရုံး website https://mcrd.gov.mm ဤ တက္ကသိုလ်၏ Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 09-43045173, 09-400451795 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

 


2025-2026 Win Kwint Form and book (UCMS).pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်