သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
၁။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)
B.BSc (Regional Development)
(ခ) စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ)
B.BSc (Accounting and Finance)
(ဂ) စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)
B.BSc (Applied Statistics)
(ဃ) စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)
B.BSc (Marketing Management)
(င) စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)
B.BSc (Social Enterprise Management)
၂။ ဘွဲ့အတွက်သင်တန်းကာလမှာ (၄)နှစ် ဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းများသို့လျှောက်ထားသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည့်သည့်ဘာသာတွဲမဆို) ဖြစ်ရမည်။
၄။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ လျှောက်ထားသူများအနက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ်မူတည်၍ ရမှတ်အများအနည်း အလိုက် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စပို့စ်ဆိုဒ်(1.3″x1.1″) ဓာတ်ပုံ-၄ပုံ
(ဃ) လျှောက်ထားသူနှင့် ၎င်း၏ မိဘ(၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၆။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ ပုံစံကို ၂၈-၈-၂၀၂၆ (သောကြာနေ့)မှ စတင်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https://www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) Website https://www.ucmt.edu.mm တို့မှ Download ရယူ၍လည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနမှလည်းကောင်း ရယူ၍ စာတိုက်မှ ဖြစ်စေ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတစ်ဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။
၇။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်ထား ခြင်းကို ၂၈-၈-၂၀၂၆ (သောကြာနေ့)မှ ၂၃-၁၀-၂၀၂၆ (သောကြာနေ့)အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
၈။ ဝင်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်း မရှိပါက ထည့်သွင်းစဉ်စားမည်မဟုတ်ပါ။
၉။ တက္ကသိုလ်ဝင်ခွင့် ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https:// www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) Website https:// www.ucmt.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁၀။ ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သန်လျင်မြို့သို့ တိုက်ရိုက်လျှောက်ထားရမည်။
၁၁။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၉၅၃၀၀၁၅၁၊ ၀၉-၆၈၂၆၄၇၁၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်