(၁) | သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ သက်မွေးပညာသင်တန်းကျောင်းများမှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်သွားမည်။ |
(၂) | လုပ်ငန်းများကို စံချိန်စံညွှန်းများသတ်မှတ်ကာ e - government စနစ်ကျင့်သုံးပြီး သတင်းအချက်အလက်စီမံခန့်ခွဲရေးစနစ် (MIS)၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲ ဖြတ်ခြင်းနည်းစနစ် (M&E) များကို ဆောင်ရွက်သွားမည်၊ |
(၃) | ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တင်ဒါဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) တို့ဖြင့် ဆောင်ရွက် သွားမည်၊ |
(၄) | ဌာနအဆင့်ဆင့်ရှိဝန်ထမ်းများအတွက် ဝန်ဆောင်မှုကို ရှေးရှုသည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များ နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ သင်တန်းပို့ချဆောင်ရွက်ပေးသွားမည်၊ |
(၅) | ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင်ရှိသော အစိုးရဌာနများနှင့် ပုဂ္ဂလိကများအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှု ကောင်းမွန်ရေးကို ဆောင်ရွက်သွားမည်၊ |
(၆) | ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် ဌာနများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်းကို ဆောင်ရွက်သွားမည်၊ |
(၇) | ဌာနလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် အားပေးကူညီသွားမည်။ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်