သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်
သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) သမဝါယမအသင်းသစ်များအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ပေးရန်နှင့် ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လစ်ခိုင်မာ စွာဖြင့်ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။
(၂) တောင်သူလယ်သမားများသို့ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် သွင်းအားစုများအား ထောက်ပံ့ ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးမည်။
(၃) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံ လူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများအား ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျ ငွေချေစနစ် (Hire Purchase System) ဖြင့် ရောင်းချပေးခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေအပါအဝင် အထောက်အပံ့များ ထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးမည်။
(၄) လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများ ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးမည်။
(၅) လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ GDP တိုးတက်မှုကို အဓိက အထောက် အကူ ဖြစ်စေနိုင်သည့် စီးပွားရေး လုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်နေသော သမဝါယမ အသင်းများအား အဆင့်မြှင့် တင်ပေးပြီး၊ အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်။
(၆) သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်း များမှ အမှုဆောင် ဒါရိုက်တာများနှင့် အသင်းဝန်ထမ်းများကို သမဝါယမပညာပေးရေး လုပ်ငန်း များ ဆောင်ရွက်ပေးခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးမည်။
(၇) သမဝါယမစီးပွားရေး ပညာတတ်များနှင့် စာရင်းရေး၊ စာရင်းကိုင်ပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးပြီး အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု အောင်လက်မှတ်ရရှိရေးနှင့် အလုပ် အကိုင်ရရှိရေးတို့ကို ဆောင်ရွက်ပေးမည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်