ကုန်သွယ်မှုသမဝါယမအသင်းပေါင်း(၃၁၈၇)သင်းရှိပြီး၊ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း
ဂျီအီးစီဘော်ဒါဆောင်လုပ်ငန်းခွဲ
ဂျီအီးစီဘော်ဒါဆောင်တွင်အခန်းပေါင်း(၂၀)နှင့်လူဦးရေ(၃၆)ဦးခန့်ထားရှိနိုင်ပြီး အခန်း (၂)ခန်းမှ ရုံးခန်းဖွင့်လှစ်ထားပါသည်။

GEC ဘော်ဒါဆောင်လုပ်ငန်းခွဲဆောင်ရွက်မှုမှတ်တမ်း
အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းခွဲ
အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို မြို့နယ်(၂၀)မြို့နယ်၊ အသင်းပေါင်း(၉၇) သင်းရှိပြီး အသင်းသားများသို့ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(၂) အထွေထွေစီးပွားရေးသမဝါယမအသင်း
အထွေထွေစီးပွားရေးသမဝါယမအသင်း (၆၈၇)သင်းရှိပြီး အောင်မြင်နေသော အသင်းများအနက် ရန်ကုန်တိုင်းဒေသကြီး ခရမ်းစတိုးအထွေထွေစီးပွား ရေးလုပ်ငန်း သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် မှတ်တမ်းဓါတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်
ခရမ်းစတိုးဆိုင်လုပ်ငန်းခွဲ
စတိုးဆိုင်အမှတ်(၁)
အသင်းစုပိုင်မြေပေါ်တွင် (၂၂.၅' x ၅၆') ရှိ အဆောက် အဦမြေညီထပ်တွင် အလှကုန်၊ အရုပ်မျိုးစုံ၊ စာရေးကိရိယာ၊ စားသောက် ကုန်၊ ပလပ်စတစ်၊ ကြွေထည်၊ စတီးပစ္စည်းအမျိုးမျိုး၊ ပထမထပ်တွင် ထီး၊ ဖိနပ်၊ အိတ်၊ အားကစားပစ္စည်း၊ အဝတ်အထည် အမျိုးမျိုးနှင့် ဒုတိယထပ်တွင် လျှပ်စစ်ပစ္စည်း၊ လက်ကိုင်ဖုန်းများ၊ စက်ဘီးနှင့်ဘီရိုအမျိုးမျိုးကိုဝန်ထမ်း(၃၅)ဦးဖြင့် နံနက်(၇)နာရီမှညနေ (၅)နာရီ အထိ လစဉ်ပျမ်းမျှ ကျပ်သန်း(၂၃၀)ကျော် ရောင်းချနိုင်ပါသည်။

စတိုးဆိုင်အမှတ်(၂)
သမဝါယအသင်းပိုင်မြေ (၅၄'x၃၆')အဆောက်အဦအား(၅၄'x၁၂') RC ၂ ထပ် ဆောက်လုပ်ထားပြီး အဆောက်အဦးဟောင်း(၅၄'x၂၄')နှင့်တွဲ၍ မြေညီထပ်တွင် အလှကုန်၊ အရုပ်မျိုးစုံ၊ စာရေးကိရိယာ၊ စားသောက်ကုန်၊ ပလပ်စတစ်၊ ကြွေထည်စတီးပစ္စည်းအမျိုးမျိုး၊ ထီး၊ ဖိနပ်၊ အားကစားပစ္စည်း၊ ဘီဒို၊ မွှေ့ယာ၊ ထမင်းစားပွဲ၊ ခုံအမျိုးမျိုးနှင့် ပထမထပ်တွင် အဝတ်အထည်အမျိုးမျိုးကို ဝန်ထမ်း(၁၅)ဦးဖြင့် နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ပြီး လစဉ် ပျမ်းမျှ ကျပ်သန်း(၈၅)ကျော်ရောင်းချနိုင်ပါသည်။


အောင်ဘာလေထီရောင်းချရေးလုပ်ငန်းခွဲ
ပြည်တွင်းအခွန်ရုံးမှ တိုက်ရိုက်ရယူပြီး အခြားထီကိုယ်စားလှယ်ကြီးများနှင့် အပြိုင် လိုင်စင်ရယူကာ ခရမ်းစတိုးဆိုင်အမှတ်(၁)နှင့် အမှတ်(၂)အရှေ့ ဥပစာတွင် အောင်ဘာလေထီရောင်းချရေးလုပ်ငန်းကိုဆောင်ရွက်ပြီး လစဉ် ပျမ်းမျှ(၂၇)သန်းဝန်းကျင် ရောင်ချနိုင်ပါသည်။
ခရမ်းမြို့နယ်သမဝါယမအသင်းစုစတိုးဆိုင်
ခရမ်းမြို့နယ် သမဝါယမအသင်းစုလီမိတက် အဆောက်အဉီ(၆၀'x၄၀')ရှိ ရုံး မြေညီထပ်တွင် လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်မျိုးစုံ၊ စာရေးကိရိယာ၊ အိမ်သုံးကုန် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ မုန့်အမျိုးမျိုး၊ ပလပ်စတစ်ပစ္စည်းများ၊ ဖိနပ်အမျိုးမျိုးတို့ကို ဝန်ထမ်း(၂၆)ဦးဖြင့် နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဆိုင်ဖွင့်လှစ်ရောင်းချပြီးလစဉ်ပျမ်းမျှ ကျပ်သန်း(၁၃၀)ကျော်ရောင်းချနိုင်ပါသည်။

Cash Memo ပြေစာဖြင့်အသုံးပြု၍ အမှတ်တရပစ္စည်းရောင်းချလျက်ရှိသည့် သမဝါယမအသင်းများ
ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် Cash Memo ပြေစာဖြင့်အသုံးပြု၍ မြန်မာ့လက်မှုအနုပညာအမှတ်တရပစ္စည်းရောင်းချလျက်ရှိသော သမဝါယမအသင်း ဆိုင်(၄၃)ဆိုင်မှ အမှတ်တရပစ္စည်းရောင်းချရငွေ၏ ၁% ကိုနိုင်ငံတော်ဝင်ငွေ State Income အဖြစ်ပေးသွင်းလျက်ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များဖွင့်လှစ်ထားရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ချင်းပြည်နယ် (၁) ဆိုင်
ပဲခူးတိုင်းဒေသကြီး (၃) ဆိုင်
မန္တလေးတိုင်းဒေသကြီး (၁၉) ဆိုင်
ရန်ကုန်တိုင်းဒေသကြီး (၁၈) ဆိုင်
ရှမ်းပြည်နယ် (၂) ဆိုင်
စုစုပေါင်း (၄၃) ဆိုင်
ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ရယူထားသော သမဝါယမအသင်းများ
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ရ ယူပြီးပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်လျက်ရှိသောသမဝါယမအသင်း (၁၂၂)သင်းရှိပါသည်။(၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်အတွင်း သမဝါယမအသင်း(၃)သင်း မှ CMP (Contract Manufacturing Process) ချုပ်ထည်များ၊ ကော်ဖီနှင့် နှမ်းတို့ကို ဂျာမနီနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့်တရုတ်နိုင်ငံများသို့ တင်ပို့ဆောင်ရွက်၍စီမံကိန်းလျာထားချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်