ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းများ၏အခြေအနေ
ဝန်ဆောင်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ဌာနဆိုင်ရာငွေစုငွေချေးသမဝါယမအသင်း
ဌာနအလိုက်ဝန်ထမ်းများ၏ စီးပွားရေး၊ လူမှုရေး အခက်အခဲများ ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် ဝန်ထမ်းများ၏ သာရေး၊ နာရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်၊ ချွေတာစုဆောင်းမှုအလေ့အထကို ဖြစ်စေရန်နှင့် မိမိတို့ဌာန ဆိုင်ရာဝန်ထမ်းများမှ ကိုယ့်အားကိုယ်ကိုးနိုင်သည့်စနစ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ငွေစုငွေချေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီး(၃၁-၇-၂၀၂၆)ရက်နေ့အထိလုပ်ငန်းဆောင်ရွက် မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု
မြို့နယ် (၂၂၈) မြို့နယ်
အသင်း (၈၃၈) သင်း
အသင်းသား (၂၂၇၄၁၈) ဦး
အစုငွေ (၂၈၄၀.၅၈၄) ကျပ်သန်း
စုဆောင်းငွေ (၉၁၁၅၁.၅၅၉) ကျပ်သန်း
ထုတ်ချေးငွေ (၁၀၅၉၀၂.၁၂၃) ကျပ်သန်း
ရှမ်းပြည်နယ်၊ပင်းတယမြို့နယ်၊ မြသုခအစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ အစုပေါ်အမြတ်နှင့် စုဆောင်းပေါ်အတိုး များထုတ်ပေးခြင်း
(ခ) ဈေးသမဝါယမအသင်း
ဈေးသမဝါယမအသင်းများအနေဖြင့် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာဈေးများ တွင် အသိအမှတ်ပြုချထားပေးသောဈေးဆိုင်ခန်းများ၌ ရောင်းချသော ဈေးသည်များ ဖြင့်ဖွဲ့စည်းထားပြီး ဈေးအသင်း သား/အသင်းသူများထဲမှ အရင်းအနှီးနည်းပါးသော အသင်းသားစျေးသည်များ ဝင်ငွေတိုးတက်လာစေပြီး စီးပွားရေးလုပ်ငန်း ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး (၃၁-၇-၂၀၂၆)ရက်နေ့ထိလုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-
တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခု
မြို့နယ် (၁၀၂) မြို့နယ်
အသင်း (၁၂၉) သင်း
အသင်းသား (၁၈၉၁၉) ဦး
အစုငွေ (၄၇၉.၅၅၉) ကျပ်သန်း
စုဆောင်းငွေ (၁၄၃၆၀.၅၀၀) ကျပ်သန်း
ထုတ်ချေးငွေ (၂၂၀၅၆.၈၅၆) ကျပ်သန်း
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မေတ္တာမွန် ဈေးသမဝါယမအသင်းလီမိတက်မှ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားပြည်သူများအားစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်း
(ဂ) အသေးစားငွေစုငွေချေးသမဝါယမအသင်း
အသေးစားငွေစုငွေချေး သမဝါယမအသင်းကို ကျေးရွာ/ရပ်ကွက်အတွင်း နေထိုင် ကြသော လက်လုပ်လက်စား၊ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ အိမ်ဆိုင်၊ လက်လီဆိုင် လုပ်ကိုင်သောသူများနှင့်ဖွဲ့စည်းထားပြီး လက်လုပ်လက်စား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ အိမ်ဆိုင်၊ လက်လီဆိုင်လုပ်ကိုင်သော အသင်းသားများ အရင်းအနှီး ရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ပြီး (၃၁-၅-၂၀၂၆)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခု
မြို့နယ် (၁၁၃) မြို့နယ်
အသင်း (၃၄၃) သင်း
အသင်းသား (၄၁၃၈၂) ဦး
အစုငွေ (၆၆၈.၂၉၂) ကျပ်သန်း
စုဆောင်းငွေ (၈၄၆၁.၀၄၆) ကျပ်သန်း
ထုတ်ချေးငွေ (၁၃၂၇၈.၅၁၆) ကျပ်သန်း
မြစ်ကြီးနားမြို့ဆွတ်အောင်မြတ်အသေးစားငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ စုဆောင်းငွေပေါ်အတိုးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
(ဃ) လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း
လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း
လယ်ယာဝန်ဆောင်မှုပေးခြင်း။ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမ အသင်းများအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက် နေသည့် တောင်သူ လယ်သမားများအတွက် ရာသီချိန်မီစိုက်ပျိုးနိုင်ရန် အောက်ပါအတိုင်း လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည် -
တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခု
မြို့နယ် (၈၄) မြို့နယ်
အသင်း (၁၀၆) သင်း
စက်ကိရိယာ(၁၈၃)စီး
ရိတ်ခြွေ (၁၈) စီး
ထွန်စက်ကြီး (၁၆၅) စီး

(င) ဝန်ဆောင်မှုသမဝါယမအသင်း
(၁) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ
အသင်းပိုင်မြေနေရာရှိပြီး ရင်းနှီးမြှပ်နှံမှုအားကောင်းသည့် သမဝါယမအသင်း များအနေဖြင့်အခြားလုပ်ငန်းများအပြင်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ဟိုတယ်၊ မိုတယ်လုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိရာ (၃၁-၇-၂၀၂၆)ထိ အသင်းသားပြည်သူများ အတွက် အောက်ပါအတိုင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါသည်-
တိုင်းဒေသကြီး/ ပြည်နယ် (၁၀) ခု
မြို့နယ် (၂၄) မြို့နယ်
အသင်း (၃၂) သင်း
ဟိုတယ် (-) ခု
မိုတယ် (၃) ခု
တည်းခိုခန်း (၂၇) ခု
ဘော်ဒါဆောင် (၄) ခု
ဝင်ငွေ (၅၅.၃၅၄) ကျပ်သန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အိုအေစစ်အဆင့်မြင့်ဧည့်ရိပ်မွန်

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု၏ သုခမြိုင်မိုတယ်
(၂) ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
သမဝါယမအသင်းများအနေဖြင့် ဆေးရုံလုပ်ငန်းကို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ အသင်းသားများနှင့် ပြည်သူလူထုများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် သက်သာ သောစရိတ်ဖြင့် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ (၃၁-၇-၂၀၂၆)ရက်နေ့အထိ ဆေးရုံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
တိုင်းဒေသကြီး/ ပြည်နယ် (၇) ခု
မြို့နယ် (၂၁) မြို့နယ်
အသင်း (၂၇) သင်း
ဆေးရုံ (၃) ရုံ
ဆေးခန်း (၂၅) ခု
ဆရာဝန် (၈၅) ဦး
သွားဆရာဝန် (၁၀) ဦး
သူနာပြု (၇၆) ဦး
ဆေးစပ် (၄) ဦး
ဓာတ်ခွဲ (၁) ဦး
သားဖွား (၄) ဦး
တိုင်းရင်းဆေး (၂) ဦး
ဝင်ငွေ (၂၁၅.၀၂၄) ကျပ်သန်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အေးသာယာ သမဝါယမဆေးရုံ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဂျီအီးစီဆေးရုံ
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်