နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးစံပြကျေးရွာရှိ ကုန်ထုတ် သမဝါယမအသင်း(၁၈)သင်းမှ အသင်းသားဦးရေ(၁၁၈)ဦးတို့အား ကုန်ထုတ်လုပ်ငန်းများ တိုးတက် စေရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရေးနှင့် ထွက်ကုန်အမယ်အသစ်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ငွေကျပ်သိန်း (၁၄၅၀) ကို ပံ့ပိုးပေးခဲ့သည်။
အဆိုပါ ပံ့ပိုးငွေဖြင့် ကုန်ထုတ်သမဝါယမအသင်းများမှ ပဲလှော်၊ ပဲကြော်၊ စာကလေးချောင်း ကြော်၊ မာလာရှမ်းကော စသည်တို့ထုတ်လုပ်ပြီး ပဲလှော်၊ ပဲကြော်ကို တစ်ရက်လျှင် (၃၀) ပိဿာဝင် (၆)အိတ် ထုတ်လုပ်နိုင်ပြီး စာကလေးချောင်းကြော်၊ ပြောင်းဖူးလှော်၊ ကြက်သွန်ပေါင်း၊ မာလာရှမ်းကောတို့ဖြစ်သော စားသောက်ကုန်များကို တစ်ရက်လျှင် အထုပ်ပေါင်း (၄၀၀) ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်