Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပ


26 Feb,2025

စစ်ကိုင်း ဖေဖေါ်ဝါရီ ၂၆

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ ၂ဝ၂၄−၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ် အနုပညာအသင်းက ပြုလုပ်ကျင်းပသော လှယဉ်ကျေးမယ်ပြိုင်ပွဲကို ယနေ့နံနက် (၉း၃၀)နာရီတွင် တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ အကဲဖြတ်ဒိုင်များ၊ သင်ကြားရေး ဌာနများမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ 

အစီအစဉ်အရ ပြိုင်ပွဲမကျင်းပမီ ပါမောက္ခချုပ် ဆရာမကြီးက အဖွင့်အမှာစကားပြောကြားရာ “ တက်ရောက်လာကြသော ဆရာ/ဆရာမ၊ ပါမောက္ခဌာနမှူးများနှင့်ကျောင်းသား/ကျောင်းသူများ အားလုံး မင်္ဂလာပါဟု နှုတ်ခွန်းဆက်သပါကြောင်း၊ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် လျော်ညီပြီး လှပသန်စွမ်းသော အမျိုးသမီးငယ်လေးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အနုပညာ စွမ်းရည်များကို ဖော်ထုတ်ပေးသည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ အကျိုးကျေးဇူးများမှာ ပြိုင်ပွဲတွင်ပါဝင်ကြ သူများအနေဖြင့် မိမိ၏ကိုယ်ပိုင်စွမ်းရည်များကို ယုံကြည်မှုရရှိစေရန်၊ အဖွဲ့လိုက်လှုပ်ရှားမှုများ ပါဝင်ခြင်းဖြင့် အသင်းအဖွဲ့စိတ်ဓာတ်နှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်စေရန်၊ အနုပညာဖန်တီးမှုစွမ်းရည်ကို ဖော်ထုတ်ပြသစေရန်၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုများနှင့်အတူ လူမှုကွန်ယက်များ ကျယ်ပြန့်လာစေရန်တို့ကို ရည်ရွယ်ပါကြောင်း၊ ပြိုင်ပွဲဝင် (၁၆)ဉီး ယှဉ်ပြိုင်ပြီး ပထမဆုမှ နှစ်သိမ့်ဆုအထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ဝင်ပွဲများ အား မှာကြားသည့်အနေဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန် ၊ ပြိုင်ပွဲတစ်ခုအတွက် အနိုင်အရှုံးထက် အတူတကွ ပါဝင်မှုသည်လည်း အရေးကြီးကြောင်း၊ စာတော်ရုံသာမက ဘက်စုံထူးချွန်သော လူငယ်များဖြစ်အောင် ကြိုးစားရန် တိုက်တွန်းလိုကြောင်း၊ တက္ကသိုလ်၏ လူရည်ချွန်တစ်ဉီးလည်းပေါ်ထွက်လာပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ ယခုတက္ကသိုလ်အလှမယ်ပြိုင်ပွဲမှ တက္ကသိုလ်အလှမယ်တစ်ဉီးပေါ်ထွက်လာမည်ဖြစ်ပြီး ထိုမှတဆင့် တက္ကသိုလ်နှင့်နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကြိုးစားသွားကြရန်၊ နိဂုံးချုပ်အနေဖြင့် ဉီးစီးကျင်းပပေးသော တက္ကသိုလ်အနုပညာအသင်းမှ ဉက္ကဌနှင့် တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်များ၊ ဆရာ/ဆရာမများအား ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်အတွက်အားကိုးရသည့် ထူးချွန် ထက်မြက်သော လူတော် လူကောင်း များဖြစ်အောင် ကြိုးစားကြရန်” တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ လှယဉ်ကျေးမယ်ပြိုင်ပွဲအတွက် ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ ဒိုင်ချုပ်အဖြစ် နှင့် အဖွဲ့ဝင်(၅)ဉီးမှ အမှတ်ပေးဒိုင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ 

၎င်းနောက် ဒိုင်အဖွဲ့ဝင်တစ်ဉီး ဖြစ်သည့် ဉပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး)မှ ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပါသည်။ 

ဆက်လက်၍ လှယဉ်ကျေးမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အုပ်စု(A)မှ (၈)ဉီး နှင့်အုပ်စု(B)မှ (၈)ဉီးမှ ယှဉ်ပြိုင်ကြပါသည်။ ထို့ပြင်  တက်ရောက်လာကြသူများအား တက္ကသိုလ်အနုပညာအသင်းဝင် ကျောင်းသား/သူများမှ တေးသီချင်းအကအလှများနှင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။

လှယဉ်‌ေကျးမယ်ပြိုင်ပွဲကြီး၏ ပထမဆုကို မဆုဆု(စာရင်းအင်းပညာအထူးပြုဘာသာရပ်)၊ ဒုတိယဆုကို မချောသဉ္ဇာဟန်(ဈေးကွက်ဖော်ဆောင်ရေးနှင့်စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်)၊ တတိယဆုကို မငုဝါစံ(ဈေးကွက်ဖော်ဆောင်ရေးနှင့်စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်) တို့မှလည်းကောင်း၊နှစ်သိမ့်ဆု(၁)ကို  မသရဖူငြိမ်း (ပထမနှစ်)  နှင့် နှစ်သိမ့်ဆု(၂)ကို မလှိုင်သူသူထက်(စာရင်းကိုင်နှင့်ဘဏ္ဍာ ရေးပညာအထူးပြုဘာသာရပ်)တို့မှ အသီးသီးရရှိခဲ့ကြသည်။ 

ထို့နောက်ပထမဆုရရှိသူအား  ပါမောက္ခချုပ်ဆရာမကြီးမှ သရဖူ၊ စလွယ်၊ ကျိုင်းတံနှင့် အမှတ်တရလက်ဆောင်တို့ကို ချီးမြှင့်ပေးခဲ့ပြီးအခမ်းအနား အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ  နေ့လယ် (၁း၃၀)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်