ရေတာရှည် ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ပံ့ပိုးမှုဖြင့်
တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသည့် မျိုးနှင့်သွင်းအားစုများကို အသုံးပြုကာ သမဝါယမ အသင်းသားများ၏ စိုက်ဧက ၁၅၀ တွင် ရေဆင်းစပ်မျိုး -၁ နှင့် ဆူရာကီရမ်မျိုးများဖြစ်သည့် ဆောင်းသီးနှံနေကြာများအား စိုက်ပျိုးထားရှိပါသည်။
ငါးကြီးကွေ့ကျေးရွာ၊ ငါးကြီးကွေ့စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း မှ အသင်းသားတောင်သူ ဦးနိုင်နိုင်၏ စံပြစိုက်ခင်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစီအစဉ် ဖြင့် ပျားပုံးများထားရှိပြီး ရုရှားသဘာဝရွက်ဖြန်းဆေးအသုံးပြုကာ စိုက်ပျိုးထားရှိမှုအခြေအနေ များကို ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရ သည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်