ပျော်ဘွယ် မတ် ၃
ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမ အသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ပွဲကို မြို့နယ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအာကာထွန်းက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စိုက်ပျိုး သီးနှံများအတွက် သွင်းအားစုများ ပေးအပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မိုးကြိုဝါ စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစေ့များပေးအပ်ခဲ့သည်။ မြို့နယ် သမဝါယမဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်း(၉)သင်းမှ အသင်းသား (၁၉၄)ဦး၊ စိုက်ဧက (၆၀၀)အတွက်၊ B-31 မျိုးစေ့အိတ်ပေါင်း(၄၃၇)အိတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်