Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ


01 Mar,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏(၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲကို (၂၈.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီတွင်  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးရာဌာန နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအောင်ပွဲအခမ်းအနားအား “နမောတဿ (၃) ကြိမ်” ရွတ်ဆို စတင်ခဲ့ပြီးနောက် ရွှေသမား ကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တဉူးကောသံလ္လာဘိဝံသ ထံမှ (၅) ပါးသီလခံယူ ဆောက်တည်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော်ကြီးများထံ  သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် (၁၃) ကြိမ်မြောက် မဟာဘုံကထိန် အောင်ပွဲအခမ်းအနား အောင်မြင်စွာပြီး‌မြောက်ခဲ့ကြပါသည်။ 

ထို့နောက် သံဃာတော် အရှင်သူမြတ်များကို ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးတို့၏ ကထိန်လှူဒါန်းမှုများမှာ ပစ္စည်းနှင့် ဝတ္ထုငွေသားတန်ဖိုး စုစုပေါင်း ငွေကျပ်(၉,၄၆၁,၆၀၀/-)တိတိ ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်