အောင်လံမြို့နယ် စမ်းကလေး(ရေတွင်းစု)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
အောင်လံ မတ်လ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံရွာ ကျေးရွာအုပ်စု၊ စမ်းကလေး(ရေတွင်းစု)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့်အခြား မိသားစုဝင်ငွေတိုး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက် နေပြည်သူများလိုက်နာရမည့်တာဝန်များ၊ ရပိုင်ခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စမ်းကလေး(ရေတွင်းစု)ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၀ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၃ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုက်သူ ငါးဦးနှင့် သက်မွေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၀၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေကျပ် ၅၅ဒသမ၁သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်