Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သူနှီးနှောဖလှယ်ပွဲနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြပွဲတွင် သမဝါယမအသင်းများ၏ထုတ်ကုန်များ ခင်းကျင်းပြသ


04 Mar,2025

တောင်ကြီး မတ် ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၆၃)နှစ်မြောက် တောင်သူလယ်သမား နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်သူနှီးနှောဖလှယ်ပွဲနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြပွဲ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထုတ်ကုန်ပြပွဲတွင် သမဝါယမအသင်းထုတ်ကုန်များဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ ဗေဒါသဘာဝမြေသြဇာ၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစု စွမ်းထက်သဘာဝမြေသြဇာ၊ ရပ်စောက်မြို့နယ်၊ နောင်မှိုင်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ ထုတ်လုပ်သည့် SR-456 ရွှေရင်အေးစပါးမျိုး၊ ရေဆင်း ၁၄ ပဲပုတ်မျိုးစေ့၊ ရပ်စောက်မြို့နယ်သမဝါယမအသင်းစု ရေဆင်း-၁ စပ်မျိုးနေကြာ၊ စိန်ရတာမျိုး စေ့ထုတ်သမဝါယမအသင်းမှ ထုတ်လုပ်သော ရေဆင်း-၁၅ ပဲပုတ်မျိုးစေ့၊ ဒေသမျိုး ပဲပုတ်စေ့၊ ရွာငံမြို့နယ်သမဝါယမအသင်းစုမှ ကော်ဖီနှင့် ဟိုပုံးမြို့Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းမှ ကော်ဖီများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်