Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ


05 Mar,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၄.၃.၂၀၂၅) ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီတွင် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနား အစီအစဉ်ကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာသင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ 
  
အခမ်းအနားအစီအစဉ်အရ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်မှ “AI (Artificial Intelligence) Conceptual Talkကျင်းပရခြင်းရည်ရွယ်ချက်မှာ AI သည် လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်အသီးသီးတွင် အသုံးဝင်ပုံများနှင့် လူမှုအသိုက်အဝန်းကို တိုးတက်မှုများ ဖန်တီးနိုင်ခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် AI နှင့် ပတ်သက်၍ သိရှိနားလည်ပြီး အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ AIစတင်ဖြစ်ပေါ်လာပုံကို ပြောကြားပြီး AI နှင့်ပတ်သက်၍ လေ့လာမည်ဆိုပါက General AI နှင့် Narrow AI (၂)မျိုးရှိကြောင်း၊ General AI ဆိုသည်မှာ လူတစ်ယောက်၏ ဉီး‌နှောက် အလုပ်လုပ်သည့်ပုံစံအတိုင်း သင်ယူနိုင်စွမ်းရှိပြီး Narrow AI မှာ အကန့်အသတ်ဖြင့်အလုပ်လုပ်နိုင်သဖြင့် Weak AI ဟုခေါ်ကြောင်း၊ AI ကို နယ်ပယ်အသီးသီးတွင်သာမက ပညာရေးနယ်ပယ်တွင် မိမိသိလိုသော အကြောင်းအရာများကို အလွယ်တကူရှာဖွေနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဈေးကွက်များအကြောင်း၊ Customer Behavior များနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကို AI အသုံးပြု၍ ခန့်မှန်းပေးနိုင်ကြောင်း၊ နယ်ပယ်အသီးသီးတွင် အထောက် အကူပြုနိုင်သည့် Artificial Intelligence နည်းပညာ၏ အကျိုးကျေးဇူးများ၊ ကျောင်းသား/ ကျောင်းသူများ အတွက်  အချိန်ကုန် သက်သာပြီး အသုံးဝင်သည့် AI Tools များကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးပြုလုပ်ဆောင်နိုင်၍ AI နည်းပညာများကို သိရှိနိုင်စေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ် AI နှင့် ပတ်သက်၍ အကျိုးကျေးဇူးများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း ၊ AI သည် လာမည့်အနာဂတ်တွင် လူသားများ၏ စိတ်ကူးပုံဖော်သည့် အရာများကို ဖန်တီးနိုင်ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်နယ်ပယ်အသီးသီးတွင် AI ကိုအသုံးပြုခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်၍ ကျောင်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်စေရန် အထောက်အကူဖြစ်နိုင်ပါကြောင်း၊  အသိပညာ ဗဟုသုတများကို ဒီအတိုင်းမထားဘဲ ဆက်လက် လေ့လာသင့်ပါကြောင်း ’’ တို့ဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများအား ICT ဌာန၊ ပါမောက္ခဌာနမှူးမှ  “AI နည်းပညာ စတင်ပေါ်ပေါက်လာသည့်သမိုင်း၊ လက်ရှိတွင် အသုံးပြုနေကြသော AI Tools များအကြောင်း၊ AI Tools များကို လက်တွေ့ အသုံးပြုနည်းများ၊  AI နည်းပညာ၏ ကောင်းကျိုး/ဆိုးကျိုးများ နှင့် သိကောင်း စရာများ’’ ကို ဟောပြော ဖြန့်ဝေခဲ့ပါသည်။

အစီအစဉ်အရ တက်ရောက်လာသည့် ကျောင်းသား/သူများအား သိရှိလိုသည်များနှင့် အမေး အဖြေမေးခွန်းများကို မေးမြန်းဆွေးနွေးခြင်း၊ ICT ဌာနမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးနောက် ပါမောက္ခချုပ်မှ အဖြေမှန်သည့် ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များပေးခြင်း၊ AI နည်းပညာ ဟောပြောပို့ချပေးသည့် ICT ဌာန၊ ပါမောက္ခဌာနမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ  နေ့လယ် (၁၂း၀၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

#UCMS UPDATE


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်