Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ


05 Mar,2025

နေပြည်တော်၊ မတ် ၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့ အထိ (၇)ရက်ကြာ ဖွင့်လှစ်ခဲ့သော စိုက်ပျိုးရေးကုန်ကြမ်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၇)ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

            အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

            ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိသည့် မဲခေါင်-လန်ချန်းစီမံကိန်းသည် စိုက်ပျိုးရေးအခြေခံ အသေးစား ကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက ဒေသတွင်း ပေါများစွာ ထွက်ရှိ သည့် ကုန်ကြမ်းများကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးလိုက်သော ဘာသာရပ်များသည် အသက်မွေးဝမ်းကျောင်း ကုန်ထုတ် လုပ်ငန်းများလုပ်ကိုင်နိုင်သည့် ဘာသာရပ်များဖြစ်၍ မိသားစုဝင်ငွေ တိုးပွားရရှိအောင် ဆောင်ရွက် နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသည့် လုပ်ငန်းများကို လုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းက သင်ကြားပေးတဲ့ ပညာရပ်များ အပေါ်အခြေခံပြီး အသေးစားကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိသော သင်တန်းသားများအား သင်တန်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ နည်းပညာပေးခြင်းသင်တန်းတွင် သင်တန်းသား (၁၅) ဦးအား အသေးစား စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ဈေးကွက်ဝင် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး ထုတ်ပိုးမှုဆိုင်ရာနည်းပညာများနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်း ဆွေးနွေး ပို့ချပြီး အမှန်တကယ် အသေးစား ကုန်ထုတ်လုပ်ငန်း ထူထောင်လိုသူ (၅)ဦးကို စည်းမျဉ်း စည်းကမ်းများနှင့် စိစစ်ရွေးချယ်ပြီး လုပ်ငန်း လုပ်ကိုင်ရာတွင် အဓိကလိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်