နေပြည်တော် မတ် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ သွား ရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုင်းကြီးကျွန်းမြို့ရှောင်လမ်း အရှည် (၁) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ငပုတောမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်နေသော ဇီးချိုင်ကျေးရွာအဝင်တံတား ပေ (၁၆၀) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ချဉ်းကပ်လမ်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြသောအားဖြင့် အချိန်မီဖွင့်လှစ်နိုင် အောင် ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မဟာမကုဋရံသီ မြတ်မော်တင် ဆံတော်ရှင်စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်