Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံပွဲအခမ်းအနား


23 Sep,2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနား

 

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်လျက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော အဖွဲ့သည် ၂၂-၉-၂၀၂၂ ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လာရောက်ခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်၏ Main Building အတွင်း Language Labခန်း၊ ICT ခန်းများ၊ e-Libraryနှင့်  စာသင်ခန်းများအတွင်း စာသင်ကြားနေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထိုနောက်ကျောင်းသူ/ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားပြီး စာကြိုးစားကြရန်၊ တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သည့် ကျောင်းသူ/သားများ၊ နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးစားကြရန်၊ ဆရာ/မများမှလည်း တက္ကသိုလ်၏ မျှော်မှန်းချက် ရည်ရွယ်ချက်များအတိုင်း အရည်အသွေး ပြည့်ဝသော ကျောင်းသားကောင်းများမွေးထုတ်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်နှင့် လိုအပ်သည်များကူညီပေးရန်ဆွေးနွေးမှာကြားခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏တင်ပြချက်အပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) သင်ကြား/ စီမံဌာနများမှ ပါမောက္ခ-ဌာနမှူးများ၊ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ-ဌာနမှူးများ၊ ဌာနမှူးများက မိတ်ဆက်ခဲ့ကြပါသည်။ ပါမောက္ခချုပ်မှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)၏ တင်ပြချက်များ  ပြောကြားရာတွင် တက္ကသိုလ်၏ အဆင့်မြှင့်တင်မှု များ၊ တက္ကသိုလ်၏ Vision/Mission များ၊ တက္ကသိုလ်၏ ယခုလက်ရှိ အမည်ပြောင်းလဲထားမှုများ၊ သင်ကြားရေးကိစ္စရပ်များ၊ ဘွဲ့များနှင့်မဟာဘွဲ့အပ်နှင်းသည့် ကိစ္စရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဖန်းတီးပေးမှုများနှင့် CPA သင်တန်း တိုက်ရိုက်တက်ရောက်နိုင်သည့် အခွင့်အလမ်းများ၊ Internship Program များ၊ ၂၀၂၂ ပညာသင်နှစ်အတွင်း‌ ကျောင်းဖွင့်လှစ် သင်ကြားနေမှုများ၊ Covid 19 စည်းကမ်းနှင့်အညီ ကျောင်းသူ/သားအဆောင် စီမံထားရှိမှုများ၊ သင်ကြား/စီမံ ဝန်ထမ်းသစ် ခန့်အပ်ထားရှိမှုများ၊ Capacity Building and Training of Trainers on Pedagogy သင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့မှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ HR သင်တန်း(၁၆)ခု ဖွင့်လှစ်ပေးခဲ့မှုများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သည့်သင်တန်းများ၊ တက္ကသိုလ်အတွင်း ICT သင်တန်း ဖွင့်လှစ်ထားခဲ့မှုများ၊ Ph.D သင်တန်းဖွင့်လှစ်ရန်စီစဉ်ထားရှိမှုများ၊ ဌာနများအလိုက် HRD Program စီစဉ်ထားရှိမှုများ၊ အခြားတက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများ၊ KOICA(Korea International Cooperation Agency) နှင့် ချိတ်ဆက် ထားရှိမှုများ၊ Malaysia နိုင်ငံ University of Malaysia Sarawak (UNIMAS) တက္ကသိုလ်နှင့် MoU ရေးထိုးထားမှုအခြေအနေ၊ KOMYRA(Korea Myanmar Research Association) နှင့် MoU ထိုးထားမှု အခြေအနေများ၊ QA ကိစ္စရပ်များ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ ဆောက်လုပ်ရေးကိစ္စရပ်များ၊ e-Library ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ချက်များ၊ တက္ကသိုလ်၏ Future Plan များ၊ လိုအပ်သည့် Infrastructure များ၊ အထိမ်းအမှတ်နှင့် ရာသီအလိုက် Activities များနှင့် အသိပညာပေးဟောပြောပွဲများကို တင်ပြရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ဦးစွာမိတ်ဆက် အမှာစကား ပြောကြားခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းထားရှိမှု၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ ချမှတ်ထားရှိမှု၊  ဝန်ကြီးဌာန၏ လူမှုစီးပွားဘဝမြင့်မားရေး အဓိကထားဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသ၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ဝင်ငွေတိုးပွားလာစေရေးကို လုပ်ဆောင်နိုင်ရန်၊ စိုက်ပျိုးရေးအတွက် မျိုးသန့်များရရှိရန်၊ သွင်းအားစုများ ထည့်နိုင်ရေးအတွက် သမဝါယမအသင်းများမှ ချိတ်ဆက်နိုင်ရေး၊ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးရန်၊ အမှန်တကယ်လုပ်ဆောင်နေသော တောင်သူလယ်သမားများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ Contract Farming လုပ်ဆောင်ပေးရန်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး ဒေသခံများအတွက် အဝတ်ချုပ်သင်တန်း၊ ဆပ်ပြာရည်သင်တန်းများ ဖွင့်လှစ်ပေးပြီး လုပ်ငန်းများ ရင်းနှီးတည်ထောင်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးရန်၊ လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရန်၊ ယခုစတင်ဖွင့်လှစ်သည့် သမဝါယမစာရင်းရေး၊စာရင်းကိုင် သင်တန်းများ အတွက် စီစဉ်ထားရှိပေးမှုများ၊ တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ၏ လိုအပ်ချက်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ အားကစားပစ္စည်းများ ပံ့ပိုးပေးရေး၊ ဝန်ထမ်းသက်သာများနှင့် ဆိုင်သည့်ကိစ္စ ရပ်များ၊ သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရန်အတွက် လိုအပ်သည့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက္ကသိုလ်ဘက်မှ လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် တက္ကသိုလ် Canteen၊ မြမဥ္ဇူ ကျောင်းသူအိပ်ဆောင်၊ တိုက်အမှတ်(၄) အရာထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ်နှင့် အမှုထမ်းနှစ်ခန်းတွဲ အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်