မော်လမြိုင် မတ် ၆
မွန်ပြည်နယ်အတွင်း သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ပြည်နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်) ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအနေဖြင့် သမဝါယမဦးစီးဌာနက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးမှာဖြစ်ကြောင်း၊ Virtual ဆွေးနွေးပွဲ ဖြစ်၍ အခက်အခဲရှိနိုင်သော်လည်း အာရုံစူးစိုက်၍ ဆွေးနွေးပွဲပြီးမြောက်သည်အထိ ပျက်ကွက်မှုမရှိ စေဘဲ တက်ရောက်ကြရန် ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် မတ်လ ၅ ရက်မှ ၇ ရက်အထိ Virtual System ဖြင့် ပြုလုပ်မည်ဖြစ်ရာ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့မှ အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်း ၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး သမဝါယမဦးစီးဌာနက လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ မိုးစပါး၊ ဝါ၊ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သီးနှံများ အထွက်နှုန်းတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်မှု၊ သမဝါယမအသင်းများ ဖွဲ့စည်းမှုမှန်ကန်စေရေးအတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး များကျင်းပခြင်းနှင့် အမှုဆောင်များရွေးချယ်ခြင်း၊ သမဝါယမအသင်းများ စာရင်းဇယားများ စနစ်တကျ ရှိစေရန်နှင့် ဘဏ္ဍာငွေများ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်အချက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်