Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Digital Skill Up Training (TOT) သင်တန်းဖွင့်ပွဲကျင်းပ


10 Mar,2025

နေပြည်တော်၊ မတ် ၁၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital နည်းပညာများကို အသုံးပြု၍ MSME လုပ် ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် Digital Skill Up Training (TOT) သင်တန်း အမှတ်စဉ်(၂/၂၀၂၅)ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဒီဂျစ်တယ်နည်းပညာ ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာစေရန်နှင့် လျင် မြန်စွာ ပြောင်းလဲနေသည့် ဒီဂျစ်တယ် နည်းပညာများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ယခု ကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပါ ကြောင်း၊ ဒီဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်သောကြောင့် ယခုသင်တန်းမှ ရရှိသည့် အသိပညာဗဟုသုတများကို တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသော လုပ်ငန်းရှင်များအား ပြန်လည် မျှဝေပေးကြရန်နှင့် လက်တွေ့လုပ်ငန်း ခွင်နယ်ပယ်တွင်လည်း ပြန်လည်အသုံးချကြရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း (၅၀)ဦးအား ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Commerce Website အား အသုံးပြုနိုင်မည့် Function များ၊ ဌာန၏ လုပ်ငန်းမှတ်ပုံတင်အား Online မှ လျှောက် လွှာတင်နည်းများနှင့် အသုံးပြုနိုင်မည့် Function များ၊ Cyber Security နှင့် စပ်လျဉ်း၍ သိကောင်း စရာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်