ကျောက်ဆည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး တစ်နှစ်ပတ်လုံးဆန်စပါးကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပတ္တာကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေးသမဝါယမ အသင်းသားတောင်သူ ဒေါ်မြင့်မြင့်အေး ၏ ကွင်းအမှတ် (၂၀၉-က)၊ ဦးပိုင်(၄၁) နွေစပါး(၃)ဧက စိုက်ပျိုးနေမှု များအား ကြည့်ရှုခဲ့ပြီး တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်ဝရေး အားပေးလမ်းညွှန်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေး သမဝါယမအသင်းတွင် နွေစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူ(၄၆)ဦးမှ နွေစပါး (၃၀၀) ဧက စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် အခြေခံ သမဝါအသင်းပေါင်း(၁၁)သင်း၊ အသင်းသားဦးရေ (၃၈၂)ဦး၊ နွေစပါး(၂၀၀၀)ဧက စိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
သက်မောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်