Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ သမဝါယမဦးစီးဌာနမှ အားကစားပစ္စည်းများ လှူဒါန်းခြင်း


26 Sep,2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၃.၉.၂၀၂၂) ရက်နေ့ တွင် ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရ ကျောင်းသား ကျောင်းသူများ အားကစား ပြုလုပ်ရာတွင် အထောက်အကူပြုစေရန်အတွက် အားကစားပစ္စည်း များဖြစ်သည့် ဘောလုံး(၁၀)လုံး၊ ဘောလုံး(ဖူဆယ်) (၅)လုံး၊ ဖူဆယ်ဂိုးတိုင်ပိုက် (၂)စုံ၊ ဘောလီဘောပိုက်(၂)ခု၊ ပိုက်ကျော်ခြင်းလုံး(၁၀)လုံး၊ ပိုက်ကျော်ခြင်းပိုက် (၂)ခု၊ ‌ကြက်တောင်ဘတ်တံ(၃)စုံ၊ ကြက်တောင်ပိုက်(၃)ခု၊ ကြက်တောင်(၃)ဗူး၊ စားပွဲတင်တင်းနစ်စားပွဲ(၂)ခုံ၊ စားပွဲတင်တင်းနစ်ဘတ်တံ (၃)စုံတို့ကို သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဦးမြင့်လေး(ဦးစီးအရာရှိ၊ မြို့နယ် သမဝါယမဦးစီးဌာန)မှ တက္ကသိုလ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဦးငွေမိုးထွန်း (ဌာနမှူး၊ သင်တန်းရေးရာဌာန)မှ ပါမောက္ခချုပ်(ကိုယ်စား) လက်ခံခဲ့ပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်