Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီစက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


22 Mar,2025

နေပြည်တော် မတ် ၂၁

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ပြည်ထောင်စု နယ်‌မြေ‌ နေပြည်တော်အတွင်း ဆီစက်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ လင်းစိန် ပုဂ္ဂလိကဆီစက်သို့သွားရောက်၍ ဆီစက်မှ ကုန်ကြမ်းဝယ်ယူ ရရှိမှု၊ ဆီကြိတ်ခွဲနေမှု၊ ကြိတ်ဖတ် များအား ပြန်လည်ရောင်းချနေမှုနှင့် မြေပဲခွံများအား တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း လူဦးရေနှင့်အညီ စားသုံးဆီထုတ်လုပ်မှု ဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများကို နီးစပ်ရာ ကျေးရွာများမှ ဆီထွက်သီးနှံစိုက် သမဝါယမအသင်းသား တောင်သူများ ထံမှ  ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝယ်ယူသော ကုန်ကြီးများ စနစ်တကျ ထားရှိရန်လိုအပ်ကြောင်း၊ ဆီကြိတ်ခွဲသော ‌မြေပဲ၊ နှမ်း၊ နေကြာတို့ကို အမျိုးအစား အလိုက် တစ်တင်း ဆီထွက်နှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ် ပြန်လည် ရောင်းချနိုင်ရေး စနစ်တကျထားရှိရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ရှိ လပြည့်ဝန်းဆီစက်သို့ ရောက်ရှိပြီး မြေပဲကုန်ကြမ်းများဝယ်ယူနေမှု၊ မြေပဲဆီပြန်လည်ကြိတ်ခွဲနေမှု၊ ဆီစစ်ခုံနှင့် ပဲရွေးစက်များအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက FDA ကဲ့သို့သောလက်မှတ်များ ရရှိအောင် ဆောင်ရွက်၍ ထုတ်လုပ်မှုအရည်အသွေးကို ယခုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ယခုထက်ပိုမို ထုတ်လုပ်ဆောင်ရွက်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များပူးပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လည်း  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆီစက်များမှ ဒေသတွင်း နှစ်စဉ် စားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်မှု ရှိ၊ မရှိ စစ်တမ်းများကောက်ယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နွားမွေးမြူရေးခြံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ချိန်အမီ နွားမျိုးကောင်းမျိုးသန့်များထည့်သွင်း မွေးမြူနိုင်ရေးချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြား ပြီးနောက် နွားစတင်မွေးမြူချိန်တွင် နွားစာအဆင်သင့် ဖြစ်စေရန် နွားစာဟင်းနုနွယ်မြက် (၅)ဧကစိုက်ပျိုးနေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်