နေပြည်တော် မတ် ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေး ရွာသို့သွားရောက်ပြီး တောင်သူဦးသန်းမြင့်၏ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၌ ပီလော ပီနံများ ရေဆေးသန့်စင်ကြိတ်ခွဲခြင်း၊ အခြောက်လှန်းခြင်း လုပ်ငန်းများအား ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပီလောပီနံ (၃၇,၄၂၉) ဧက စိုက်ပျိုးထားရာ ဟင်္သာတ၊ လေးမျက်နှာ၊ ကျုုံပျော်မြို့နယ်များ၌ (၂၈,၀၆၄) ဧက စိုက်ပျိုးနေကြပြီး ၎င်းတိုးအနက် သမဝါယမ စနစ်ဖြင့် စိုက်ပျိုးသော (၂,၁၉၁) ဧကကို တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧက လျင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ပံ့ပိုးပေးထားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရှမ်းရွာကျေးရွာသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျေးရွာတွင်း လျှပ်စစ်မီးသွယ်တန်းရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးခဲ့သော ခတ္တူကြိုးတံတား (၁၆၅) ပေ အား သွားရောက်ကြည့်ရှုစစ်ဆေးကာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးခဲ့သော သံကူကွန်ကရစ်တံတား ပေ (၂၂၀) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ တံတားနှင့် ချဉ်းကပ်လမ်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည့် ခတ္တူ-ခုံကြီး- ခြောက်ဆယ်-ရိုးကြီးလမ်း (၃)ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းအား စနစ်တကျ ဆက်လက် ဆောင်ရွက်သွားရေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သက္ကရာဇ် ၄၂၀ ပြည့်နှစ်၌ ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော သမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကန်တော့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသောငဝန်မြစ်ကမ်းထိန်းလုပ်ငန်းများအား လိုက်လံ ကြည့်ရှုခဲ့သည်။
ယင်းနောက် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကို မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွား ရောက်ပြီး ဆရာတော်အား ဖူးမြော်ကန်တော့၍ ကျောင်းသားများအတွက် အလှူငွေနှင့် ဆန် ဆီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်