Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


08 Apr,2025

နေပြည်တော် ဧပြီ ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာနှင့် မရင်းကြီးကျေးရွာတို့မှ မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချပြီး သောက်သုံးရေဖြန့်ဝေပေးနေမှုအား လည်းကောင်း၊ ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များ၏ ထိခိုက်ပျက်စီးမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့အုပ်စု၊ ညောင်ကုန်း ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင် ကားဖြင့် အထိုင်ချပြီး သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် (၆၀၅) နှင့် (၂၀၁) သို့ သွား ရောက်၍ ဝန်ကြီးဌာနရှိ အင်ဂျင်နီယာများက ငလျင်ဒဏ်သင့် အဆောက်အဦးများအား ကနဦး ဆန်းစစ်ချက်အနေဖြင့် Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ၏ ကြံခိုင်မှုအခြေအနေတိုင်းတာ စစ်ဆေးဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းသို့ အကြိုစစ်ဆေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင် ရွက်လျက်ရှိရာ ဧပြီလ(၄)ရက်နေ့မှ ယနေ့အထိ ရုံးအမှတ်(၁၆)၊ ရုံးအမှတ်(၃၆-B)၊ ရုံးအမှတ်(၁၁-B)အပါအဝင် ရုံးဆောက်အဦ ရှစ်လုံးကိုလည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ယာ (၆၅)လုံးအနက် (၁၄)လုံးကို လည်းကောင်း အကြိုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်