Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တောင်းမြစ်ကူးတံတားများ ကြည့်ရှုစစ်ဆေး


10 Apr,2025

နေပြည်တော် ဧပြီ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြို့ပင်သာကျေးရွာသို့ သွားရောက်ပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ် ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်း မြစ်ကူးတံတား ပေ (၆၀၀) ၏ ထိခိုက်ပျက်စီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ အင်ဂျင်နီယာများက ထိခိုက်မှုအခြေအနေများ၊ ပြန်လည်ပြုပြင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ အဆိုပါတံတား၌ (၈) တန် ယာဉ်များနှင့် ပြည်သူများ (၉-၄-၂၀၂၅) ရက်နေ့မှစ၍ ဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာသို့ သွားရောက်ပြီး ငလျင် ဒဏ်ကြောင့် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတား ပေ (၈၄၀) ၏ ထိခိုက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူအင်ဂျင်နီယာများက Pier 1 နှင့် Pier 2 ကြား Girder ပြုတ်ကျမှု ကြောင့် ပေ (၉၀) ယာယီဘေလီတံတား တည်ဆောက်ပေးထားပြီး (၁၀) တန် ယာဉ်များနှင့် ပြည်သူများ (၁၁-၄-၂၀၂၅) ရက်နေ့မှစ၍ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း တင်ပြရာ  ဒုတိယဝန်ကြီးက ပညာရှင်အင်ဂျင်နီယာများက ထိခိုက်ပျက်စီးမှုများကို စနစ်တကျ စစ်ဆေးပြီး ပြန်လည်ပြုပြင်ရန် အစီအမံများ တင်ပြဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွာမကျေးရွာ၊ ပေါက်တောကျေးရွာ၊ ရန်အောင်မြင်ကျေးရွာတို့မှ ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချပြီး သောက်သုံးရေ ဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံး အဝင်လမ်းအား ယာဉ်/ ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်ရေးအတွက် အိမ်ရာများတည်ဆောက်နိုင်ရေး မြေပြုပြင်နေမှုကိုလည်းကောင်း၊ ရုံးပတ်ဝန်းကျင်ရှိ စားရိပ်သာ ဆောက်ရန်ပြင်ဆင်နေမှုနှင့် ဆည်ဘောင် ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်