Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း မတ်လ၂၈ရက်နေ့ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်


10 Apr,2025

နေပြည်တော် ဧပြီ ၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ အတွင်း မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)သို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦ များအား ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စု ဝန်ကြီးက ယာယီရုံးများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန် ဆွေးနွေးမှာကြားကာ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းလှူဒါန်းသော Hygiene Kit များအားလည်းကောင်း၊  CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ လှူဒါန်းထားသည့် ဆန်၊ ဆီ၊ ဆား စားသောက်ကုန်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင် ကားဖြင့် စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေသန့် ဖြန့်ဝေပေးနေမှုအား ကြည့်ရှု့စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများအားလည်းကောင်း၊ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများ ယာယီရွှေ့ပြောင်းနေထိုင်မည့် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ မိုးရာသီမတိုင်မီ လုံခြုံမှုရှိသည့် အမိုးအကာအောက် ရောက်ရှိရေး အမြန်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် Hygiene Kit၊ ဆန်၊ ဆီ၊ ဆား စားသောက်ကုန်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီးနောက် မြို့နယ်သမဝါယမအသင်းစုပိုင် ဆန်စက်ပြိုကျ ပျက်စီးမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးရာ ပြည်ထောင်စုဝန်ကြီးက ယာယီရုံးများဖွင့်လှစ်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန် ဆွေးနွေးမှာကြားပြီးနောက် Hygiene Kit များ ၊ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)သို့ ရှောက်ရှိပြီး ကျောင်းဝန်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက် အဦများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဂရုစိုက်ကြရန် ဆွေးနွေးမှာကြား ပြီးနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ဝန်ထမ်းများနှင့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် Agri Sun(Good Brother’s) ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော တန်(၁၅၀)ကျဆန်စက်တည်ဆောက်နေမှုအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုပ်လုပ်ရေးသမဝါယမ အသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော မန္တလေးနို့ချက်စက်ရုံ ပျက်စီးမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည်စွက်မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက ယာယီရုံးများဖွင့်လှစ်ဆောင်ရွက်ရာ တွင် ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန် ဆွေးနွေးမှာကြား ပြီးနောက် ထောက်ပံ့ငွေများ၊ Hygiene Kit များ ၊ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်