နေပြည်တော် ဧပြီ ၈
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက် အဦများနှင့် ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေများဖြန့်ဝေနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မတ်လ၂၈ရက်နေ့ လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သို့လည်းကောင်း၊ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စုပေါင်းရုံးသို့ လည်းကောင်း၊ ဥတ္တရခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့လည်းကောင်း သွားရောက်ပြီး ရုံးအဆောက်အဦပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ရုံးအဆောက်အဦများ ပြန်လည်ပြုပြင် ပြီးစီးပါက အဆောက်အဦအတွင်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာရှိ ငလျင်ဒဏ်သင့် ပြည်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျား ရေသန့်စင်ကားဖြင့် သောက်သုံးရေများဖြန့်ဝေပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင် မြေနေရာတွင် သမဝါယမဦးစီးဌာနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်းနေထိုင်မည့် ဝန်ထမ်းလိုင်းခန်း များ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်