နေပြည်တော် ဧပြီ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန် ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက် အမှတ် (၂၀၁)၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၄၈၊ ၇၄၉)၊ တိုက်အမှတ် (၃၃၁၁၄)၊ (၃၃၁၀၂)၊ ဘူးကွဲဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၄၁၀၇)၊ (၅၃၉၀)၊ (၄၃၂၂) နှင့် (၄၃၂၃) သို့ သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစီးဌာနများမှ အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန အင်ဂျင်နီယာများအနေဖြင့် ငလျင်ဒဏ် ထိခိုက်မှု အခြေအနေများအား တိကျသေချာစွာ ထပ်မံစစ်ဆေးပြီး သင်ဆိုင်ရာကော်မတီများသို့ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေနံ့သာရပ်ကွက်သို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဝေပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်