နေပြည်တော် ဧပြီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဝက္ကမူ ကျေးရွာသို့ သွားရောက်ပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရွယ်လယ်ရှိ ပြည်လုံးချမ်းသာဘုရားကြီး ထိခိုက်ပျက်စီးမှုအား ဖူးမြော်ကြည့်ရှုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချ၍ သောက်သုံးရေဖြန့်ဝေ ပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံအားပေးစကား ပြော ကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းစံပြကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာသောက်သုံးရေအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည် ဆောက်ပေးထားသော အမြင့်တင်ရေစင် ကြံ့ခိုင်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဝက်မွေးမြူရေးသမဝါယမအသင်း၏ DYL မျိုး ဝက်မွေးမြူထားမှုကိုလည်းကောင်း၊ နွားမွေးမြူရေး သမဝါယမအသင်း၏ နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီ တည်းခိုနေထိုင်သော လယ်ဝေးမြို့ မဟာစည်သာသနာ့ရိပ်သာသို့ သွားရောက်ပြီး အလှူရှင်များ လှူဒါန်းထားသော ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ မိုးလုံလေလုံဖြင့် စနစ်တကျထားရှိမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးက ငလျင်ဒဏ်သင့် ဝန်ထမ်းတစ်ဦးချင်းစီ အတွက် ဆန် (၆) ပြည်အိတ်နှင့် ဆီ ၁ ပိသာစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်