Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အင်္ဂပူမြို့နယ်၊ ရွှေတောင်စုခေတ်မီစံပြကျေးရွာ (Smart Village) အား ကြည့်ရှုစစ်ဆေး


05 May,2025

နေပြည်တော် မေ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီ တိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆုံကုန်း-ထန်းပင်ကန်ကျေးရွာနှင့် အင်္ဂပူ-ဟင်္သာတလမ်းမကြီးတို့ ဆက်သွယ် သောလမ်း အရှည် (၃.၆) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားကာ ဒေသခံတောင်သူများနှင့် ဆန်စပါး စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ မြေပဲနှင့် နေကြာ စိုက်ပျိုးရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွှေတောင်စုခေတ်မီစံပြကျေးရွာ (Smart Villag) သို့ သွားရောက်၍ ကျေးရွာဘက်စုံသုံးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာ သူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ကဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်တွင် ကျေးရွာပေါင်း (၁၂,၀၀၀) ကျော်ရှိသည့်အနက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ မြို့နယ် (၁၁) မြို့နယ်အတွင်း၌ ခေတ်မီစံပြကျေးရွာ (Smart Village) (၁၁) ရွာ ထူထောင်ပေးခဲ့ကြောင်း၊ စံပြကျေးရွာနှင့်လျော်ညီစွာ ကဏ္ဍကြီး ၆ ရပ် သတ်မှတ်၍ လမ်းတံတားနှင့် ရေ၊ မီး အပါအဝင် စီမံကိန်းလုပ်ငန်းများကို (၅) နှစ်ကာလ သတ်မှတ်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စံပြကျေးရွာ ဆိုသည့်အတိုင်း အခြားဒေသများထက် စံနမူနာပြဖြစ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုပါ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင် ရွက်ပေးထားသော အိမ်သွယ်ရေတိုင်စနစ်နှင့် ရေမီတာတပ်ဆင်ပေးထားမှုများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ပေ (၃၀၀) ကွန်ကရစ် ဘီးလမ်း ဆောင်ရွက်ပေးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။    

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ်၊ ကျောင်းစုကျေးရွာသို့ သွားရောက်၍ ဘက်စုံ သုံးခန်းမတွင် ကျေးရွာကော်မတီဝင်များ၊ အပ်ချုပ်သင်တန်းသူများ၊ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင် ရွက်ပေးထားသော အမြင့်တင်ရေစင်၊ အိမ်သွယ်ရေတိုင်စနစ်နှင့် ရေမီတာတပ်ဆင်ပေးထားမှုများ ကိုလည်းကောင်း၊ ဝင်ငွေတိုးစီမံကိန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင် ထားသော ဒေါ်မေသူဇာဦး၏ စက်ချုပ်လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ဒုတိယဝန်ကြီးသည် ယမန့်ညနေပိုင်းကလည်း လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာနှင့် ခုံကြီး - ခြောက်ဆယ် - ရိုးကြီးကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ ပေ (၂၂၀) သံကူကွန်ကရစ် အား သွားရောက်ကြည့်ရှုစစ်ဆေး၍ ခတ္တူနှင့် တံတားအကြား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျောက်လမ်းကိုလည်းကောင်း၊ တံတားနှင့် ခုံကြီးကျေးရွာ အကြား ပြင်ထိန်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီးအား ဖူးမြော်၍ ငဝန်မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုပါသည်။

ယင်းနောက် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး လေးမျက်နှာမြို့နယ်အတွင်း နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် ငွေကျပ်သိန်း (၁၁၀) တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် အုပ်ချုပ်မှုလုပ်ငန်းသုံး ပစ္စည်း များကိုလည်းကောင်း၊ ဒေသခံ ပြည်သူ့စစ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း (၃၀) ကိုလည်း ကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်