နေပြည်တော် ဧပြီ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြား ရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်လုပ်ငန်းသင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထား သူများ၏ လေယာဉ်ပျံစားသောက်ကုန်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအားလည်းကောင်း၊ အပ်ချုပ်စက်သင်တန်းဆင်းသူများအနက်မှ AT(အေတီ)အပ်ချုပ်ဆိုင်လုပ်ငန်း အားလည်းကောင်း ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် လုပ်ငန်းများပိုမိုအောင်မြင်စေရေး တစ်ဦးတစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန်နှင့် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြ ကျေးရွာ သို့သွားရောက်ပြီး ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ဂွေးပင်၊ ရှားတော၊ သဲဖြူ ကျေးရွာတို့မှ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အမှုဆောင်များ၊ နွေစပါးစိုက်တောင်သူ များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နွေစပါးစိုက်တောင်သူများ အနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးသွားရန်လိုအပ်ကြောင်း ဒါမှသာ သီးနှံများအထွက်တိုးမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များ ကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နွေစပါးစိုက်ပျိုးထားရှိမှုထားရှိမှုကြည့်ရှုစစ်ဆေး ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ သို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များဖြန့်ဝေပေးနေမှု အခြေအနေများအားလည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ရာဂီမုန်းတိုင်ကြောင့် ပျက်စီးသွားသော ရှားတော-ညောင်ပင်သာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ အရှည်ပေ ၁၈၀ ပေရှိ Submersible Bridge တည်ဆောက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်