Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး


02 May,2025

နေပြည်တော် မေ ၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများ ယာယီဘာရှာ လိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများနှင့် ယာယီ ဘာရှာလိုင်း ခန်းများ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ယင်လုံအိမ်သာများနှင့် ရေ၊ မီးစနစ် များ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင် မြေနေရာတွင် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ  ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်နိုင်ရေး ယာယီဘာရှာလိုင်းခန်း များ တည်ဆောက်နေမှုအခြေအနေများ၊ အဆိုပါ ဘာရှာလိုင်းခန်းများနှင့် ရုံးသို့ ဆက်သွယ်သော လမ်းဖောက်လုပ်နေမှုအခြေအနေများနှင့် ပြောင်းရွှေ့နေထိုင်သည့် ဝန်ထမ်းများ သောက်သုံးရေ အဆင်ပြေမှုရှိစေရေး စက်ရေတွင်းတူးဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်မီးအချိန်မီ ရရှိရေး၊ ဘာရှာလိုင်းခန်းနှင့် ရုံးသို့ ဆက်သွယ်သော လမ်းအား မိုးမကျမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့နိုင်ရေး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်