Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်အဆောက်အဦများ၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း


02 May,2025

၂၀၂၅၊ ဧပြီ ၂၉ရက်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ (၂၉-၄-၂၀၂၅)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်လျက် သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဒုတိယညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် တက္ကသိုလ်၏ ငလျင်ဒဏ်သင့် အဆောက်အဦများဖြစ်သည့် တက္ကသိုလ်ပင်မအဆောက်အဦ၊ သုံးထပ်စာသင်ဆောင်များ၊ အရာထမ်းဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၃)၊ တိုက်အမှတ်(၄)၊ အမျိုးသမီးအဆောင်များဖြစ်သော မြမဉ္ဇူနှင့် မြစံပယ်အဆောင်များနှင့် အမျိုးသားဆောင်တို့၏ ပျက်ဆီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ ကထိက(ဌာနမှူးများ)၊ (စီမံရေးရာ၊ သင်တန်းရေးရာနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန)များမှ ဌာနမှူးများ၊ ဆရာ၊ဆရာမ၊ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီးနောက် တက္ကသိုလ်ရှိ ဆရာ၊ဆရာမ၊ဝန်ထမ်းများအတွက် “Life Straw” အမျိုးအစား ရေသန့်စက်(၂)လုံး၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အားဖြည့်အချိုရည်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် တာဝန်ရှိသူများသည် ယာယီရုံးခန်းများ၌ ဆရာ၊ဆရာမများ စာစစ်‌နေမှု အခြေအနေများ နှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဖြစ်သည့် စာသင်ဆောင် T1, T2 များကို ပြုပြင်ပေးရန်၊ ယာယီအမှုထမ်းအိမ်ယာများ ဆောက်လုပ်ပေးရန်နှင့် လတ်တလော လိုအပ်နေမှုများကို ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်