နေပြည်တော်၊ မေ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၄၀)နှစ်တာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင် ခဲ့သည့် ညွှန်ကြားရေးမှူး ဦးအောင်သင်းအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာန၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် သက်ပြည့် အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ညွှန်ကြားရေးမှူး ဦးအောင်သင်းတို့ တက်ရောက် ကြပါသည်။
အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ညွှန်ကြားရေးမှူး ဦးအောင်သင်း၏ တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းအား ဖတ်ကြားတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတစ်ဦးအနေဖြင့် သက်ပြည့် အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းအား ဂုဏ်ယူပါကြောင်း၊ ကျန်ရှိသော ဝန်ထမ်းများ အနေဖြင့်လည်း သက်ပြည့်တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူခြင်းသည် အောင်မြင်သော လမ်းခွဲခြင်းဖြစ်ပါကြောင်းစသည်ဖြင့် ဂုဏ်ပြု နှုတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူး ဦးအောင်သင်းအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန်ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ညွှန်ကြားရေးမှူး ဦးအောင်သင်းအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ညွှန်ကြားရေးမှူး ဦးအောင်သင်းက အမှတ်တရနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်