Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မိသားစု ကဆုန်ညောင်ရေသွန်းလောင်းခြင်း


12 May,2025

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည်မြန်မာလူမျိုးတို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုတို့အတွက် အရေးကြီးသောနေ့ဖြစ်ပြီး  ဗုဒ္ဓဘာသာ၏  အဓိပ္ပာယ်နှင့်တန်ဖိုးကိုပြသသော အထိမ်းအမှတ် နေ့ထူးနေ့မြတ်အဖြစ်   သတ်မှတ်ထားသော     ဗုဒ္ဓနေ့လည်းဖြစ်ပါသည်။    ၂၀၂၅ ခုနှစ်တွင် ကဆုန်လပြည့်နေ့သည်   မေလ ၁၁ ရက်  (တနင်္ဂနွေနေ့)ဖြစ်ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏  ကျောင်းဝန်းအတွင်းတွင်   တည်ထားကိုးကွယ်သောသဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီးအတွင်းရှိမဟာဗောဓိညောင်ပင်တွင် ဗုဒ္ဓဘာသာဝင်တို့၏    နေ့ထူးနေ့မြတ်ဖြစ်သော    ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌    ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ်(သင်ကြား)၊  သင်ကြား၊   စီမံ(ပါမောက္ခ၊ဌာနမှူး)များ၊ ဆရာ၊ဆရာမ၊ဝန်ထမ်းများသည်  ကဆုန်ညောင်ရေသွန်းလောင်းခြင်းဖြင့်   ကုသိုလ်ယူခဲ့ကြပါသည်။     ညောင်ရေသွန်းလောင်းရန်  လာရောက်ကြသော ဆရာ၊ ဆရာမ၊  ဝန်ထမ်းများကိုလည်း တက္ကသိုလ်ဓမ္မာရုံတွင်  မုန့်ဟင်းခါး ၊ အချိုရည်များဖြင့်   လှူဒါန်းကျွေးမွေးခဲ့ကြပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်