Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များရှိ သမဝါယမအသင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်း


08 May,2025

တောင်ကြီး မေ ၈

          ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာရှိ ဟန်လွဲစိုက်ပျိုးရေးနှင့်အထွေထွလုပ်ငန်းသမဝါယမအသင်းမှ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ဧက (၁၀၀)နှင့်   ဆီဆိုင်မြို့နယ်၊ ပုံးအင်ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ မောက်ခမ်းဟွမ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ဧက(၈၀)  စိုက်ပျိုးထားရှိ မှုအခြေအနေများအား ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ထို့နောက် အသင်းသားများအား နွေစပါးများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် သွင်းအားစုများရရှိနိုင်ရေး အတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်