နေပြည်တော် မေ ၁၆
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အင်းလေး ဒေသရှိ ကျေးရွာပေါင်း (၈၂) ရွာ၊ အိမ်ခြေပေါင်း (၃၀၁၈) အိမ် ဘေးသင့်ခဲ့ရာ နိုင်ငံတော်အကြီးအကဲက အင်းလေးဒေသရှိ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ညှိနှိုင်းဆောင် ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အလှူရှင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပျဉ်ထောင်အိမ်နှင့် ဝါးအိမ် (၃၆) လုံးကို အသစ်တည်ဆောက်၍ လည်းကောင်း၊ အုတ်ညှပ်နှင့် ပျဉ်ထောင်အိမ်၊ ဝါးအိမ် (၄၈၅) လုံးကို ပြန်လည် ပြုပြင်လည်းကောင်း စုစုပေါင်း (၅၂၁) လုံး ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ပြီး လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ဝါးအလုံးရေ (၁၁၇၆၃) လုံး ဖြန့်ဝေပေးပြီး ဖြစ်ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ Jetty လှေဆိပ်သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချ၍ သောက်သုံးရေဖြန့်ဝေပေးနေမှု အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ငလျင်ဒဏ်သင့် အင်းလေးဒေသမှ ကျေးရွာများအ တွက် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် စိမ့်စမ်းရေရရှိရေး ဆောင်ရွက်ထားသော ကုန်းခြံတက်ရွာမှ ရေကိုရယူ၍ သောက်သုံးရေ ဖြန့်ဝေပေးနေမှု၊ မိုးကာစများ၊ မိုးကာတဲအိမ်၊ Shelter Kits များ၊ ရေသန့်ဆေးမှုန့်များ၊ သစ်၊ ဝါး၊ ဆိုလာမီး၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ဒီဇယ်ဆီ ထောက်ပံ့ ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ အင်းလေးဒေသရှိ ကျေးရွာ ၄၅ ရွာအား သောက်သုံးရေဖြန့်ဝေပေးခဲ့ရာ ယနေ့ချိန်အထိ ရေဂါလံ (၇၉၆၀၀) ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ကေလာကျေးရွာသို့ သွားရောက် ပြီး ငလျင်ဒဏ်သင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် တစ်ကိုယ်ရေ သုံးပစ္စည်းအစုံ ၂၀၀၊ ရေသန့်ဆေးပြားအထုပ် ၄၀၊ ရေပုံး ၉၀ ပုံး ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး ငလျင်ဘေးသင့် ကေလာအထက်တန်းကျောင်းခွဲအတွက် ကျောင်းဖွင့်ချိန်အမှီ ယာယီကျောင်းဆောင် ပြန်လည်တည်ဆောက်နေမှုကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူများ သောက်ရေရရှိရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ဆင်ပေးခဲ့သော သောက်ရေသန့် စက်ကို လည်းကောင်း၊ ယာယီဆေးရုံ ဖွင့်လှစ်၍ ကုသပေးနေမှုများကို လည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ငလျင်ဒဏ်သင့် ကျေးရွာများ၏ ပျက်စီးဆုံးရှုံးမှု ပြန်လည်ပြုပြင် တည်ဆောက် ရန်လိုအပ်မှု၊ သောက်သုံးရေလိုအပ်ချက်၊ တကိုယ်ရေသန့်ရှင်းရေးနှင့် သန့်စင်ခန်းအသုံးပြုမှုအခြေ အနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အတူ ဆောင်ရွက်လိုသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ စသည့် အခြေခံကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၄၀) ဦးမှ အဖွဲ့ (၁၀) ဖွဲ့ခွဲ၍ ကျေးရွာ အလိုက် စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြကေလာကျောင်းတိုက်သို့ သွားရောက်၍ UNICEF မှ Pilot Project အနေဖြင့် စမ်းသပ်ဆောင်ရွက်ပေးထားသော Bio Septic Tank Mobile Toilet အား ကြည့်ရှုစစ်ဆေးပြီး UNICEF ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ သည်။ ဆက်လက်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေစဉ် ယာယီပြောင်းရွှေ့ နေထိုင်သော မိသားစုများကို တွေ့ဆုံအားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကေလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသော သောက်ရေသန့်စက်နှင့် သောက်သုံးရေသန့် ဖြန့်ဝေပေးနေမှုကို ကြည့်ရှစစ်ဆေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇရပ်ကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာလူထု နှင့်တွေ့ဆုံ အားပေးစကား ပြောကြားကာ တစ်ကိုယ်ရေသုံးပစ္စည်းအစုံ ၆၀၊ ရေသန့်ဆေးပြားအထုပ် ၁၀ ထုပ်၊ ရေပုံး ၂၅ ပုံး ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် Eco Care ကုမ္ပဏီတို့ ပူးပေါင်း၍ ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် (၂) မိုင်ခန့် ကွာဝေးသော အင်ကြင်းကုန်းရွာ စက်ရေတွင်းမှ အင်းလေးကန်ကိုဖြတ်၍ GI ရေပိုက်လိုင်း သွယ်တန်းပေးထားမှုကိုလည်းကောင်း၊ ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ယာယီ ကျောင်းဆောင် ပြန်လည်တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်းပေါခုံ ခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်ပေးမည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ တစ်ကိုယ်ရေသုံးပစ္စည်းအစုံ ၉၀၊ ရေသန့်ဆေးပြားအထုပ် ၂၀ ထုပ်၊ ရေပုံး ၅၀ ပုံး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်